Wednesday, March 20, 2013
မျက်ရည်နှင့် ကဗျာ... မမ အတွက်ပါ...မ
ကဗျာထဲမှာ...နှလုံးသားရှိတယ်...
ကဗျာထဲမှာ....နှစ်ချို့ နေတဲ့ အကြင်နာတွေရှိတယ်..
ကဗျာထဲမှာဆုံစည်းခြင်းတွေရှိသလို...
ကြည်နူးခြင်းတွေလဲရှိတယ် .....
ခွဲခွာခြင်းတွေရှိသလို....ကြေကွဲဝမ်းနည်းစရာတွေလဲ...
ရှိခဲ့တယ်...ဒါက ကဗျာပဲ...
ဒီကဗျာထဲမှာတော့...ယောကျာင်္းတစ်ယောက်ရဲ့
မျက်ရည်..ခပ်ပြင်းပြင်းတွေရှိလေရဲ့ဗျာ.....
ခွဲခွာခြင်းဆိုတဲ့ မှတ်တိုင်တစ်ခုကို..
စတင်ဝင်ရောက်ခဲ့တယ်...မရယ်..
မမ ရေ...အင်းယားလမ်းက မြက်ခင်းလေးတွေက ငိုကြွေးနေကြတယ်.
ကန်တော်ကြီးက ရွှေငါးလေးတွေလဲ မန်းလေးသူလေး..
ဘယ်မလဲတဲ့......။
ဒီလိုပဲပေါ့...လူသားဆိုတဲ့ ကျနော်ကတော့....
မမ ဓာတ်ပုံလေးကိုကြည့်ရင်း...အလွမ်းတေးသွား
ခပ်ဟဟ.လေး တီးခပ်နေမှာပါ..
မ ရေ..တံစဉ်ကိုင်ထားတဲ့ လယ်သမားရဲ့အရှေ့ မှာ
ညွန့် ကိုင်းနေတဲ့ စပါးပင်ကလေးတွေလို
မမ ကိုရိုကျိုးစွာ..နဲ့  ထွက်သတ်ဆုံးတိုင်..
မျှော်လင့်ရင်း..မမ ကိုမြတ်နိုး..သွားမှာပါ...။
မ..ရေ..ကျဆုံးတော့မဲ့ စစ်သူရဲအိုတစ်ယောက်က
သူ့ ရဲ့ငယ်ဘ၀က ဓားနဲ့  ချစ်သူကိုပျင်းရှစွာ..
သတိရသလိုမျိုး..မမ ကိုလွမ်းနေတယ်...။
ဒီလိုနဲ့ ပဲ...ကျနော့အချစ်တွေအတွက်...
သက်ရောက်မှု့ တစ်ခု..မရရင်..နေပါ..
မမ ရဲ့အပြုံးလေးတစ်ပွင့်...VZO မှာ
မြင်ရရင်ပဲ............
http://friendsmyanmar.ning.com/profiles/blogs/4557204:BlogPost:51164 မှကူးယူပါသည်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment