ကျနော်နေရာလေးကို ရောက်လာတဲ့ သူငယ်ချင်းကို အများကြီးကျေးဇူးတင်ရှိပါတယ်ဗျာ

Friday, March 22, 2013



ကျနော်တို့ ရွှေဂွန်းမြေ အဖွဲ့ထဲက
ကိုသီဟရေးတဲ့..ကဗျာလေးပါ
တိုက်ဆိုင်တယ်ဆိုရင်တော့...
ခံစားကြည့်ပေါ့.......

''ချစ်သူ"

နဖူးလေးကို ခပ်ဖွဖွနမ်းရင်း
ဒီရင်ထဲမှာတစ်ယောက်ထဲ
အသည်းနင့်အောင် ချစ်ခဲ့တာပါလို့
မင်းပြောခဲ့တဲ့စကား
တစ်ဘ၀လုံးပဲဖြစ်ချင်ခဲ့တာပါ.......ချစ်သူ
အကြောင်းပြချက်မရှိ
လမ်းခွဲလိုက်ပါလို့ မင်းပြောခဲ့တဲ့စကား
အခုလို နွေညတစ်ညမှာ
ငါ့နှလုံးသားတွေ ကြွေကျခဲ့ပါပြီ
ငါ့ဘ၀ကိုထား အဝေးဆုံးကိုထွက်သွားပြီလား ......ချစ်သူ
ဂုဏ်ပကာသနကြောင့်လား
အချစ်သစ်ကိုတွေ့လို့လား ကျောခိုင်းသွားတာလား
ရင်နင့်အောင်ချစ်ခဲ့ပြီးမှ
လွယ်လွယ်လေးလေး မေ့ပစ်လိုက်ရမှာလား .......ချစ်သူ
ငါ့နှလုံးသားကနုနယ်တယ်ဆိုပေမယ့် မင်းပေးခဲ့တဲ့အလွမ်းတွေကြောင့်
ရင်ကွဲနာမကျပေမယ့်
မျက်ရည်တော့ကျတတ်သွားပြီ.......ချစ်သူ
အချစ်ကြီးရင် အမျက်ကြီးတယ်ဆိုတဲ့စကား
မင်းနဲ့ကျမှ မှားခဲ့ပါပြီ
ငါလေမင်းကို အပြစ်မယူပဲ
ချစ်မြဲချစ်နေမှာပါ.......ချစ်သူ
တစ်ချိန်မှာဝေးရမှန်းသိရင်
မင်းပေးခဲ့တဲ့အနမ်းတွေကို
မခံယူပါဘူး .......ချစ်သူ
သံသရာတစ်ကွေ့မှာ
ကံကြမ္မာမျက်နှာသာပေးလို့ ပြန်ဆုံတွေ့ရင်
ငါ့ကို နှုတ်မဆက်လိုက်ပါနဲ့
ခံနိုင်ရည်မရှိလို့ပါ ........ချစ်သူ


ကိုသီဟ.........

No comments:

Post a Comment